Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

မြန်မာနိုင်ငံမှာ မူးယစ်ဆေး စိုက်ပျိုးထုတ်လုပ်မှုတိုးလာ

27 June 2008
ညိုညိုလွင် - အစီအစဉ်ကိုရယူရန် (WM) video clip
ညိုညိုလွင် - ကြည့်ရှုရန် (WM) video clip

UNDOC Report 2008မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ဟက်တာ တသိန်းလေးသောင်းကနေ နှစ်သောင်းခုနှစ်ထောင်ကျော် အထိ ကျဆင်းလာတယ်လို့ မြန်မာစစ်အစိုးရရဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောဆို လိုက်တဲ့ တချိန်ထဲမှာပဲ ယူအန်အိုဒီစီခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧရိယာ ၂၉ ရာခိုင်နှုန်း ပြန်မြင့်တက်လာပြီး ဘိန်းထုတ်လုပ်မှု လည်း ၄၆ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ပြောဆိုလိုက်ပါတယ်၊

ဇွန်(၂၆) ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့ ၂၀၀၈ ခုနှစ် ကမ္ဘာတ၀ှမ်း မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ အခုလိုပြောဆိုလိုက်တာပါ၊

တဖက်က မူးယစ်ဆေး စိုက်ပျိုးထုတ်လုပ်မှု နဲ့ တဖက်က လက်နက်ကိုင်သောင်းကြမ်းမှု နှစ်ခုဟာ အကျိုးတူ ကူးလူးဆက်ဆံ လုပ်ဆောင်နေတဲ့ အချက်ပါပဲ၊ အာဖဂန်နီစတန်၊ ကိုလံဘီယာနဲ့ မြန်မာနိုင်ငံတွေမှာ အစိုးရက ထိမ်းချုပ်မှု အားနည်းတဲ့ နယ်မြေ ဒေသတွေမှာ တရားမ၀င်လုပ်ဆောင်ချက်တွေဟာ ပြန့်နှံ့နေပါတယ်၊

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ၂၉ ရာခိုင်နှုန်း မြင်တက်လာပြီး ရှမ်းပြည်နယ်တခုထဲမှာကိုပဲ ၂၄ ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးလာတယ်လို့ဆိုပါတယ်၊

တချိန်ထဲမှာပဲ တရုတ်အစိုးရကလည်း အိုလမ်ပစ်အခမ်းအနားကျင်းပမဲ့ ဘီဂျင်းမြို့တော်အပါအ၀င် တရုတ်နိုင်ငံတ၀ှမ်း မူးယစ်ဆေး တိုက်ဖျက် ရေး ကို လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်၊

တရုတ်နိုင်ငံတ၀ှမ်း ၂၀၀၇ ခုနှစ်အတွင်း ဘိန်းဖြူတန်ချိန် ၁၇.၅ တန် နဲ့ မက်သာဖက်တမင်း စိတ်ကြွဆေး ၁၉. ၇ တန် ဖမ်းဆီးရမိခဲ့တာမှာ ဘိန်းဖြူတန်ချိန် ၁၃ တန်နဲ့ စိတ်ကြွဆေး ၉ တန်ကျော်ဟာ မြန်မာ၊ ထိုင်းနဲ့ လာအို နယ်စပ်တို့ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေ နဲ့ တရုတ်ပြည်နယ်စပ်ဖြစ်တဲ့ ယူနမ်ပြည်နယ် တခုထဲက ဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်၊

UNODC ရဲ့ အစီရင်ခံစာအရ ကမ္ဘာတ၀ှမ်း အရွယ်ရောက်ပြီးသူ ၂၆ သန်းဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်နေတယ်လို့လဲ ဖေါ်ပြထား ပါတယ်ရှင်၊

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available