Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဘောစနီးယား ခေါင်းဆောင်ဟောင်း ရာဒိုဗန် ခရာဒစ်ရှ် စစ်ရာဇ၀တ်မှု စွဲချက်များ ရင်ဆိုင်ရတော့မည်

22 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Radovan Karadzic in the Bosnian town of Banja Luka, (May, 1994 file photo)
ဘောစနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း
ရာဒိုဗန် ခရာဒစ်ရှ်။ မေ ၁၉၉၄။
စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ
ခံထားရတဲ့ ဘောစနီးယား ဆာ့ဘ်ခေါင်းဆောင်
ဟောင်း ရာဒိုဗန် ခရာဒစ်ရှ် (Radovan Kradzic)
ကို The Hague မြို့က နိုင်ငံတကာ ရာဇ၀တ်
တရားခုံရုံးဆီ ဆားဘီးယားနိုင်ငံက လွှဲပြောင်း
ပေးအပ်မှာ ဖြစ်ပါတယ်။ ခရာဒစ်ရှ်ဟာ တရား
ခုံရုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊
လူသားအဖြစ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှု
စတဲ့စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်းရမှာပါ။

သူ့ကို လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် အခြေ
အနေအားလုံး ပြည့်စုံတယ်လို့ တရားသူကြီးတဦးက ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဒီကနေ့
ဘဲလ်ဂရိတ်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဆားဘီးယန်း တာဝန်ရှိသူ
တွေက ကြေညာခဲ့တာပါ။

ကမ္ဘာပေါ်မှာ အလိုအရှိဆုံးလူတဦးအဖြစ် လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတဲ့ ခရာဒစ်ရှ်ဟာ
ဆုံးဖြတ်ချက်ကို အယူခံဖို့ သုံးရက်အချိန်ရမှာ ဖြစ်ပါတယ်။

ဘဲလ်ဂရိတ်မြို့ကနေ နောက်တနေရာကို ထွက်ခွာဖို့ကြိုးစားတုန်း ဆားဘီးယန်း
လုံခြုံရေးတပ်ဖွဲ့တွေက ဘောစနီးယား ဆာ့ဘ်ခေါင်းဆောင်ဟောင်းကို တနင်္လာနေ့မှာ
ဖမ်းဆီးရမိလိုက်တာ ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြသတင်း စစ်အစိုးရငြင်းဆို  Audio Clip Available

  More From VOA
ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကန့်သတ်ချုပ်ချယ် ခံနေရသူ ဆေးရုံတက်ရ  Audio Clip Available
ပါကစ္စတန်သမ္မတ ဇာဒါရီဟာ သြဇာအကြီးဆုံး အရပ်ဖက် ခေါင်းဆောင် ဖြစ်လာမည်  Audio Clip Available
သမ္မတ ဇာဒါရီ လက်ထက် ပါကစ္စတန် နိုင်ငံရေး အလားအလာ  Audio Clip Available
ဒေါ်စု ပြင်ပအစာ လက်မခံတာ သုံးပတ်မြောက်ပြီ  Audio Clip Available
နိုင်ငံခြားရေးဝန်ကြီး ရိုက်စ် လစ်ဗျားခေါင်းဆောင် ကဒါဖီ နဲ့ တွေ့ဆုံ  Audio Clip Available
ရွှေဝါရောင်နှစ်ပတ်လည် သံဃာတော်များ ဖမ်းဆီး စောင့်ကြည့်ခံရ  Audio Clip Available
စစ်အစိုးရကို ၀ိုင်းကြဉ်ကြဖို့ ရီပတ်ဘလီကန်လိုလား  Audio Clip Available
ရန်ကုန်တွင် ငလျင်လှုပ်  Audio Clip Available
ရလဒ်ကောင်းများ ထွက်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလ တိုက်တွန်း  Audio Clip Available