Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဇင်ဘာဘွေ နိုင်ငံရေးပဋိပက္ခ ပြေလည်ရေး တွေ့ဆုံဆွေးနွေး

22 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဇင်ဘာဘွေနိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက်
အာဏာရပါတီနဲ့ အဓိကအတိုက်အခံပါတီတို့ကြား ဆွေးနွေးပွဲတွေ ဒီကနေ့
တောင်အာဖရိကနိုင်ငံမှာ စတင်တော့မယ်လို့ သံတမန်အသိုင်းအ၀ိုင်းက ပြောကြပါ
တယ်။

ဆွေးနွေးပွဲတွေဟာ ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) နဲ့
အတိုက်အခံ MDC ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုပါတီခေါင်းဆောင် မော်ဂန်
ချန်ဂရိုင်း (Morgan Tsvangirai) တို့ တနင်္လာနေ့က မြို့တော် ဟာရာရဲမှာ သဘော
တူညီချက်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အဲဒီ တနင်္လာနေ့က ဆွေးနွေးပွဲဟာ နိုင်ငံရေး
ပြိုင်ဘက်နှစ်ဦးအကြား ဆယ်စုနှစ်တခုအတွင်း ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံ
ဆွေးနွေးကြတာ ဖြစ်ပါတယ်။

နှစ်ဘက်ကြား အဓိက ကြားဝင်စေ့စပ်ပေးနေတဲ့ တောင်အာဖရိကသမ္မတ သာဘို
အမ်ဘီးကီး (Thabo Mbeki) လည်း သဘောတူညီချက်ရခဲ့တဲ့ အခမ်းအနားကို
တက်ရောက်ခဲ့ပါတယ်။

သဘောတူညီချက်အရ ဆွေးနွေးပွဲကို သီတင်းနှစ်ပတ်အတွင်း ပြီးအောင်လုပ်ရမှာ
ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းဖို့နဲ့ အကြမ်းဖက်မှုရပ်ဆိုင်းဖို့တွေကို
အဓိကအာရုံစိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ကန့်သတ်ချုပ်ချယ် ခံနေရသူ ဆေးရုံတက်ရ  Audio Clip Available

  More From VOA
သမ္မတ ဇာဒါရီ လက်ထက် ပါကစ္စတန် နိုင်ငံရေး အလားအလာ  Audio Clip Available
ဒေါ်စု ပြင်ပအစာ လက်မခံတာ သုံးပတ်မြောက်ပြီ  Audio Clip Available
နိုင်ငံခြားရေးဝန်ကြီး ရိုက်စ် လစ်ဗျားခေါင်းဆောင် ကဒါဖီ နဲ့ တွေ့ဆုံ  Audio Clip Available
ရွှေဝါရောင်နှစ်ပတ်လည် သံဃာတော်များ ဖမ်းဆီး စောင့်ကြည့်ခံရ  Audio Clip Available
စစ်အစိုးရကို ၀ိုင်းကြဉ်ကြဖို့ ရီပတ်ဘလီကန်လိုလား  Audio Clip Available
ရန်ကုန်တွင် ငလျင်လှုပ်  Audio Clip Available
ရလဒ်ကောင်းများ ထွက်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ကုလ တိုက်တွန်း  Audio Clip Available
အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဂျွန်မက်ကိန်း တရားဝင်လက်ခံ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြတဲ့ကိစ္စ အန်န်အယ်လ်ဒီ အတည်မပြုနိုင်  Audio Clip Available