Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန် ရွေးကောက်ပွဲဆိုင်ရာ အီဒီယံ အသုံးအနူန်းများ အပိုင်း - ၁၀

28 July 2008
ဒေါ်လှလှသန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်လှလှသန်း - နားဆင်ရန် (MP3) audio clip

 ပထမ အီဒီယံအသုံးအနူန်း - Vote with your feet (တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "သင့်၏ ခြေထောက်နဲ့မဲပေးသည်"။ အီဒီယံအသုံးအနူန်းကတော့ - "ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာကို လက်တွေ့ပြသခြင်း")။

အသုံးအနူန်းဆိုလိုချက်ကတော့ ကိုယ်စလှယ်တဦးကို ထောက်ခံတယ်ဆိုရင် လက်တွေ့အားဖြင့် မဲပေး။ ပစ္စည်းတခုကို ကြိုက်တယ်ဆိုရင် ၀ယ်ယူအားပေး။ စနစ်တခုကို မကြိုက်ဘူးဆိုရင် လက်တွေ့ဆန့်ကျင်

စသည့်အခြေအနေများတွင် Vote with your feet ကို သုံးစွဲ ပြောဆိုနိုင်ပါတယ်။

ဥပမာ - လူတဦးက မိန့်ခွန်းပြောနေတာကို ကိုယ်ကမနှစ်သက်ဘူး၊ မထောက်ခံဘူး ဆိုရင် ထထွက်သွားတာမျိုး၊ ရွေးကောက်ပွဲမှာလည်း ထောက်ခံတယ်ဆိုရင် မဲပေးတာမျိုး စသဖြင့် လက်တွေ့ပြသတာမျိုး တို့ကို ဆိုလိုပါတယ်။

ကျောင်းစနစ်တခုကို မကြိုက်နှစ်၍ ကျောင်းသစ်ကိုပြောင်းရွှေ့ကြတဲ့ ကျောင်းသားမိဘတို့ရဲ့  လက်တွေ့ ဆန့်ကျင်တဲ့အကြောင်း George Grow ပေးတဲ့ ဥပမာမှာ

"Parents are voting with their feets and moving their children to school where there is better discipline"

"ကျောင်းသားမိဘတွေက သူတို့မနှစ်မြို့ကို လက်တွေ့ပြနေကြပြီ။ သူတို့ရဲ့ ကလေးတွေကို ပိုစည်းကမ်းကောင်းတဲ့ကျောင်းတွေကို ပြောင်းနေကြပြီ" လို့ အဓိပ္ပာယ်ရပါတယ်။

ဒုတိယ အီဒီယံအသုံးအနူန်း - Straight Ticket (တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "တည့်တည့်မတ်မတ် လက်မှတ်"။ အီဒီယံအသုံးအနူန်းကတော့ - "ပါတီစွဲ မဲပေးခြင်း")။

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲဝင်ရောက်တဲ့ အဓိကနိုင်ငံရေးပါတီများဖြစ်တဲ Republican နဲ့ Democratic အပြင် Independent ပါတီတို့ ရှိပါတယ်။ Republican ကိုထောက်ခံသူက မဲပေးတဲ့အခါ  Straight Ticket

ဆိုတဲ့ မဲတမျိုးတည်း ပေးမယ်ဆိုရင် ကိုယ်ကြိုက်တဲ့ပါတီက ၀င်ရွေးတဲ့သူတွေကိုဘဲ ရွေးချယ်ပေးခြင်းကို ဆိုလိုပါတယ်။ ဥပမာ - လာမဲ့ နိုဝင်္ဘာလ သမ္မတရွေးကောက်ပွဲမှာ သမ္မတရွေးချယ်တင်မြောက်ခြင်း နဲ့အတူ

တခြားရာထူးများဖြစ်တဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှုး စတဲ့ရာထူးများ ရွေးချယ်ခြင်းကိုလည်း ပြုလုပ်ပါတယ်။ ဒီနေရာမှာ ရီပတ်ဘလစ်ကန် အစွဲကြီးသူက ပါတီစွဲအရ မဲပေးတာကို ဆိုလိုပါတယ်။

ဒီလို ပါတီစွဲ မဲပေးတာ ၁၉၆၀-၇၀ နှစ်တွေလောက်ထိ ခေတ်စားခဲ့ပါတယ်။ အခုအချိန်မှာတော့ မဲပေးသူများက ပါတီစွဲထက် ပုဂ္ဂိုလ်စွဲ ရှိကြပြီး နိုင်ငံအတွက်၊ ကိုယ့်အတွက် ဘယ်လို ဒီကိုယ်စလှယ်က အကျိုးပြုနိုင်မယ် ဆိုတဲ့

အချက်ပေါ်မှုတည်ပြီး ဆုံးဖြတ် မဲပေးကြပါတယ်။

ဒီ အသုံးအနူန်းနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာမှာ

"If a member of Democratic party in the United States votes for every candidate for president, senator, representative, governor, state legislators, and those running for local government that is

democrat. This is considered a straight ticket voting."

"အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီဝင်တဦးက သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှုး၊ ဒေသခံအစိုးရမှာ ပြည်နယ်ဥပဒေပြု ပုဂ္ဂိုလ်များ၊ ဒီမိုကရက်ပါတီက လူတွေဘဲ

မဲပေးမယ်ဆိုရင် အဲဒါမျိုးဟာ ပါတီစွဲ အလိုက် မဲပေးတာ" လို့ အဓိပ္ပာယ်ရပါတယ်။

တတိယ အီဒီယံအသုံးအနူန်း - Split Ticket (တိုက်ရိုက်အဓိပ္ပာယ် ဖွင့်ဆိုချက် - "ခွဲပြီးပေးတဲ့မဲ"။ အီဒီယံအသုံးအနူန်းကတော့ - "ပါတီစွဲအရ မဲမပေးဘဲ ပုဂ္ဂိုလ်ပေါ်မူတည် မဲပေးခြင်း")။ Straight Ticket နဲ့ ဆန့်ကျင်ဘက်

အသုံးအနူန်း။ ဥပမာ - မဲဆန္ဒရှင်များက ရွေးကောက်ပွဲမှာ ၀င်ရွေးတဲ့ ဒီမိုကရက်တစ် ကိုယ်စလှယ်ကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ အထက်လွှတ်တော်ရာထူးအတွက်တော့ ရစ်ပတ်ဘလစ်ကန် ကိုယ်စလှယ် က ကိုယ့်အတွက်

နိုင်ငံအတွက် အကျိုးပြုမယ်လို့ ယူဆရင် နှစ်ပါတီကို ခွဲပြီးမဲပေးတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီလိုမဲပေးမှုက ပါတီစွဲထက် ပုဂ္ဂိုလ်စွဲ အရ ပေးတဲ့မဲမျိုးဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရက်တစ် စနစ်မှာ ဒီလိုမဲပေးခြင်းက

အကျိုးပြုတယ်လို့ ယုံကြည်ကြတယ်။ ရွေးကောက်ခံ ကိုယ်စလှယ်တွေက ပေးထားတဲ့ ကတိတွေအတိုင်း မလုပ်ဆောင်၊ ပြောင်းလဲမှုမလုပ်နိုင်ရင် နောင်တကြိမ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံ ရဖို့ အခွင့်အရေး မရှိနိုင်ပါ။

ဒီ အသုံးအနူန်းနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာမှာ

"Split ticket voting show support of individual candidates rather than strong party loyalty."

"ခွဲပေးတဲ့ မဲကိုကြည့်ရင် ပါတီအပေါ် သစ္စာရှိပြီး ထောက်ခံမှု ပြင်းပြတာနဲ့ ကိုယ်စလှယ်တွေကို ပုဂ္ဂိုလ်ရေးအရ ထောက်ခံမှု ပြသတာ" လို့ အဓိပ္ပာယ်ရပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available