Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန် သမ္မတကတော်နှင့်သမီး မြန်မာ ဒုက္ခသည်စခန်း သွားမည်

07 August 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

 အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ်ဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာစစ်ပြေး ဒုက္ခသည်များ စခန်းနဲ့ ဆေးကုသစခန်းတို့ကို သွားရောက်ကြည့် ရှုဖို့ပြင်ဆင်နေပါပြီ။

လော်ရာဘုရှ်နဲ့ သမီးဘာဘရာတို့ ဒီနေ့ ဘန်ကောက်ကနေ ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ် ခရိုင်မှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းသို့ လေယာဉ်ပျံနဲ့ သွားရောက်မှာပါ။ အဲဒီ ဒုက္ခသည်စခန်း မှာ မြန်မာဒုက္ခသည် သုံးသောင်းကိုးထောင်လောက် နေထိုင်ကြပြီး အများစုကတော့ မြန်မာပြည်တွင်းက ဆူပူမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ကရင် တိုင်းရင်းသားများ ဖြစ်ပါတယ်။ တချို့ ဟာ ဒုက္ခသည် စခန်းမှာ အနှစ်၂၀လောက် နေထိုင်နေကြရပြီး မြန်မာပြည်သို့ ပြန်ရေး သို့မဟုတ် အမေရိကန် အပါအ၀င် တတိယ နိုင်ငံတခုမှာ အခြေချနေထိုင် ခွင့်ရရှိရေး စောင့်ဆိုင်း နေကြတယ်လို့ ဆိုပါတယ်။ 

သမ္မတကတော်ရဲ့  ပြောခွင့်ရ အမျိုးသမီး Anita McBrideက ဒုက္ခသည် လူနာများအား ကူညီ ကုသပေးနေတဲ့ ဆေးခန်းကို သွားကြည့် လေ့လာပြီးနောက် အမေရိကန်မှာ နေထိုင်ခွင့် လျှောက်ထားတဲ့ ဒုက္ခသည်များကို လုံခြုံရေး စစ်ဆေးမှုတွေလည်း ကြည့်ရှုမယ်လို့ ဆိုပါတယ်။ ခင်ပွန်းသည် သမ္မတဘုရှ်နဲ့ အတူ ထိုင်းနိုင်ငံသို့ တရားဝင် အလည်အပါတ် ရောက်နေတဲ့ သမ္မတ ကတော်ဟာ မြန်မာ ဒုက္ခသည်များအား ငှက်ဖျား ရောဂါကာကွယ်တဲ့ ခြင်ထောင်များ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ကျောင်းသုံးပစ္စည်း စသည်များကို ပေးလှူလိမ့် မယ်လို့ သတင်းရရှိပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available