Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

Liberal နဲ့ Conservative အသုံးအနှုန်းများ

11 August 2008
ဒေါ်လှလှသန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်လှလှသန်း - နားဆင်ရန် (MP3) audio clip

ပါတီစုံ နိုင်ငံရေးစနစ် ကျင့်သုံးကြတဲ့ တိုင်းပြည်များမှ ပါတီတွေရဲ့  သဘောထားအမြင် အမျိုးမျိုး ကွဲပြားခြားနားတာကို Liberal (လက်ဝဲယိမ်း) နဲ့ Conservative (လက်ယာယိမ်း) အဖြစ် သတ်မှတ်ထားကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း နိုင်ငံရေး ခေါ်ဝေါ်မှုများမှာ တခြား ပါတီစုံ နိုင်ငံရေး ကျင့်သုံးတဲ့ နိုင်ငံများလိုပါဘဲ Liberal (Left - လက်ဝဲ၀ါဒီ) နဲ့ Conservative (Right - လက်ယာဝါဒီ)  ဝေါဟာရတွေက သတင်းစာနယ်ဇင်း နဲ့ ရုပ်မြင်သံကြားလောကမှာ နိုင်ငံရေးသမားတွေကို ခတ်နှိပ်ထားတဲ့ တံဆိပ်တွေ ဖြစ်ပါတယ်။

Liberal (လက်ဝဲ၀ါဒီ) တွေရဲ့  အဓိပ္ပာယ်က သဘောထားအမြင် ပွင့်လင်းသူ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေးမှာ အပြောင်းအလဲကို လိုလားသူ။ Conservative (လက်ယားယိမ်း) သူတွေကတော့ ရှေ့ ရိုးဆန်ပြီး အခြေအနေတွေကို ဘိုနေမြဲ ကျားနေမြဲ ထားရှိလိုတဲ့ အဓိက အပြောင်းအလဲတွေကို မလိုလားကြတဲ့ သူတွေကို ခေါ်ဆိုပါတယ်။

ဒီဝေါဟာရတွေက ကောင်းမွန်တဲ့ အဓိပ္ပာယ်တွေ ရှိကြပေမဲ့ နိုင်ငံရေး မဲဆွယ်ရာမှာ နိုင်ငံရေးသမားတွေက တဦးအပေါ်တဦး ပုတ်ခတ်ကြတဲ့အခါ ဒီအသုံးအနှုန်းတွေက ပြစ်တင်ဝေဖန်တဲ့ သဘောမျိုးတွေ ဖြစ်လာပါတယ်။ လွှတ်တော်ကိုယ်စလှယ် နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စလှယ်နှစ်ဦး ကောက်ချက်ချ ပြောကြားတဲ့ စကားတွေ နဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ အောက်ပါ အသုံးအနူန်းမှာ တွေ့နိုင်ပါတယ်။

"My opponent is just another liberal like the rest of that left-wing crowd. All he offers is higher taxes, more spending, and more waste of our money by the government in Washington."

"ကျနော်ရဲ့  ယှဉ်ပြိုင်ဖက်က သဘောထားအမြင် ပွင့်လင်းသူတဦးပါ လက်ဝဲ၀ါဒီတဦးထဲက လူတွေအတိုင်းပေါ့ သူကမ်းလှမ်းထားတာကတော့ အခွန်တိုးကောက်မယ်၊ ငွေပို့သုံးမယ်။ ၀ါရှင်တန်ရှိ အစိုးရက ပြည်သူတွေရဲ့ ငွေကို ဖြုန်းမယ် သုံးပြစ်မယ်ဆိုတဲ့ သဘောရှိတယ်။"

Liberal ကိုယ်စလှယ်ရဲ့  တုန့်ပြန်ချက်က

"And, my opponent is one of those right-wing conservatives. You elect him, he works for the fat-cats, and big-businesses, not the middle class or ordinary working people."

"ကျနော်တို့ရဲ့  ယှဉ်ပြိုင်ဖက်က ရှေ့ ရိုးစွဲ လက်ယာယိမ်း တဦးပါ။ သူကိုသာ ရွေးချယ်တင်မြောက်မယ်ဆိုရင် သူက သူဌေးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့  အကျိုးကိုဘဲ ဆောင်မှာ အလယ်အလတ်တန်းစား၊ အလုပ်သမားလူတန်းစားကို ကိုယ်စားပြုမှာ မဟုတ်ပါဘူး။"

နိုင်ငံရေး ထိုးနှက်ချက်တွေမှာလည်း ဒီအသုံးအနှုန်းတွေကို သုံးစွဲကြပါတယ်။ ဒီ Libreal နဲ့ Conservative ကြား ရပ်တည်နေတဲ့သူကိုတော့ Moderate (ရှေ့ ရိုးလည်း မကျ၊ ခေတ်ရှေ့ ပြေးလည်း မဆန်လွန်တဲ့ အမြင် စွဲကိုင်ထားသူ)။ အလယ်အလတ်လိုင်း လိုက်သူတွေကို ရည်းညွန်းခေါ်ဝေါ်တဲ့ တခြားအသုံးအနှုန်းကတော့ Middle of the Road။  အလယ်လမ်း ဆိုပေမဲ့ အမြဲတမ်းတော့ အန္တရာယ်မကင်းနိုင်ပေ။ အထူးသဖြင့် အစွန်းရောက် (radical) တွေရဲ့  တိုက်ခိုက်မှုနဲ့  ကြုံတွေ့နိုင်ပါတယ်။ Radical ဆိုတဲ့ အသုံးကိုတော့ သတိထား သုံးရပါမယ်။

အမေရိကန် နိုင်ငံရေးလောကမှာတော့ ဒီလိုလူမျိုးကို လက်ဝဲယိမ်းအစွန်းရောက်တွေ အပြောင်းအလဲကို ချက်ချင်းနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ဖော်ဆောင်လိုကြသူတွေလို့ အဓိပ္ပာယ် ရှိပါတယ်။ ဒီအသုံးကို လက်ယာယိမ်းစွန်းသူတွေကိုလည်း ရည်းညွှန်းသုံးစွဲပါတယ်။ အခုခေတ်မှာတော့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ကို အယင်က ရှိရင်းစွဲအတိုင်း ပြန်ဖြစ်ချင်တဲ့ ဆန္ဒရှိကြသူတွေအတွက်လည်း သုံးစွဲနိုင်ပါတယ်။ Radical အသုံးနဲ့ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်နိုင်ပါတယ်။

"My opponent and his radical friends plan to put the same government control over the private businesses that they used to have in the Soviet Union before communisim failed apart."

"ကျနော့်ယှဉ်ပြိုင်ဖက် နဲ့ သူမိတ်ဆွေတွေက ကွန်မြူနစ်စနစ်ကြီး မပြိုလဲမည်က ဆိုဗီယက်ယူနီယံ မှာ ရှိခဲ့တဲ့ စနစ်ဖြစ်တဲ့ ပုဂ္ဂိလကပိုင် စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ထိန်းချုပ်တဲ့စနစ်မျိုးကို ပြန်သွားချင်ကြတယ်။"

ယှဉ်ပြိုင်ဖက်ရဲ့  တုန့်ပြန်ချက်က 

"My opponent and right-wing radicals would turn this country back to the way it was a hundred year ago when business made big profits and working men    only got pay a dollar a day."

"ကျနော့်ယှဉ်ပြိုင်ဖက် နဲ့ လက်ယာအစွန်းရောက်သူ တွေကတော့ ဒီနိုင်ငံကို လွန်ခဲ့တဲ့ နှစ်တရာ အခြေအနေမျိုးကို ပြန်ဆွဲသွားလိုကြတယ်။ အဲဒီတုန်းက စီးပွားရေးလုပ်ငန်းတွေ က အတိုးတွေ များများရကြပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေကလည်း တနေ့ကို တဒေါ်လာရတဲ့ ခေတ်ပေါ့။"
 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available