Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အားဖြည့်ပြင်ဆင်

15 August 2008
ဦးသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသိန်းထိုက်ဦး - နားဆင်ရန် (MP3) audio clip

Myanmar members of USDA wearing their organization uniform attend a Union Day ceremony in Yangon, Myanmar in this photo taken February 12, 2006.AP
ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု နေ့အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်အချို့။ ဖေဖော်ဝါရီ ၁၂၊ ၂၀၀၆။
မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်နိုင်
ရေး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး
အသင်းက ခြေလှမ်းကျဲကျဲနဲ့ ဆောင်ရွက်
နေသလို ကြံ့ခိုင်ရေးအသင်းဝင် မဟုတ်တဲ့
သူတွေကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ
မပေးတဲ့အထိ အာဏာပိုင်တွေဘက်က
ကန့်သတ်တာတွေ လုပ်လာနေပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ
တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့
သူတို့အနေနဲ့ စစ်အစိုးရဲ့ ရွေးကောက်ပွဲမှာ
ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေး
ထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအနေနဲ့ အရင်တုန်းက အရပ်သားအဖွဲ့အစည်းတခု၊ လူမှုရေး
အသင်းသဘော စတင်ဖွဲ့စည်းခဲ့ရာက အခုဆိုရင် ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်း
လှမ်းလာတာတွေကို သိသိသာသာ တွေ့နေရပြီဆိုပြီး နိုင်ငံရေးအကဲခတ်တွေက
သုံးသပ်ပါတယ်။ တရားဝင်အစိုးရ အဖွဲ့အစည်းပုံစံမျိုး ၀န်ထမ်းတွေခန့်တဲ့သဘောမျိုး
တွေ ခန့်လာတာ တွေ့ရတယ်လို့ ရန်ကုန်မြို့က နိုင်ငံရေးအကဲခတ်တဦးက အခုလို
ပြောပါတယ်။

"ကြံ့ခိုင်ရေး အတွင်းရေးမှူးတွေဆိုတာ တချိန်မှာ သူတို့လုပ်တဲ့ လွှတ်တော်ရဲ့ အမတ်
တွေ ဖြစ်လာမှာ။ အဲဒီအတွက်ကိုပဲ ကြံ့ခိုင်ရေးကလူတွေက စည်းရုံးရေးတွေဆင်းတယ်၊
လှုပ်ရှားမှုတွေရှိတယ်။ အခု တကယ်လှုပ်ရှားနေတာ ကြံ့ခိုင်ရေးက လှုပ်ရှားနေတာ။
လက်ရှိ ကြံ့ခိုင်ရေးမှာ ၀င်တဲ့လူတွေအကုန်လုံးက မျှော်လင့်ချက်တွေရှိလာပြီဆိုတဲ့
မက်လုံးတွေပေးထားတာပေါ့။ ကြံ့ခိုင်ရေးက လူတွေက အခု တရားဝင်လစာတွေ ရကြ
ပြီ။ အတွင်းရေးမှူးဆိုရင် ၅၀,၀၀၀ တို့၊ အဲဒီလိုပေးပြီ။ အရင်တုန်းက ကြံ့ခိုင်ရေးဆိုတာ
Volunteer သဘောမျိုးပဲလေ။ အခုတော့ ကြံ့ခိုင်ရေးက လစာတွေနဲ့ ၀န်ထမ်းတွေ
ဖြစ်ကုန်ပြီ။"

ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဟာ ၂၀၀၃ ခုနှစ် မေလက ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကို
ကျူးလွန်ခဲ့တဲ့ အဓိကတာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့
စက်တင်ဘာလ သံဃာတော်တွေရဲ့ မေတ္တာပို့ စီတန်းကြွချီတဲ့ လှုပ်ရှားမှုတွေကို နှိမ်နင်း
တဲ့နေရာမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီး လူထုကြားမှာ
သတ်မှတ်ခံခဲ့ရပါတယ်။

ဒီလိုနာမည်ပျက်တွေ ရှိခဲ့တာကြောင့် အခုဆိုရင် ဘုန်းတော်ကြီးကျောင်းတွေကို လှူဒါန်း
တာတွေ အပါအ၀င် လူမှုရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေပြီး
ဒါတွေက ၂၀၁၀ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ
ဖြစ်တယ်လို့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက သုံးသပ်ပါတယ်။

"ကြံ့ဖွံ့တင်ဘယ်ကမလဲ၊ ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့ နာမည်အမျိုးမျိုးတပ်ပြီး ဒီလိုဟာမျိုး
တွေနဲ့၊ အထူးသဖြင့်တော့ အောင်သောင်းက မန္တလေးတိုင်းမှာဆိုရင် အကြီးအကျယ်
စည်းရုံးတာပေါ့။ သူတို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့အတွက် အစောကြီးကတည်း
က ဖွဲ့ထားတာပဲ။ ဘယ်ဘုန်းကြီးကျောင်းလှူတယ်၊ ဘာညာဆိုပြီး အကုန်လုံး ပိုက်ဆံ
ကောက်တာ၊ အလှူခံနေတာက ကုန်သည်ကြီးတွေဆီက ဒီလိုလုပ်နေတာပဲ။

"ပိုက်ဆံက ရှာလို့လည်း လွယ်နေတယ်လေ၊ သူတို့က။ သတင်းစာထဲတော့ ဘယ်ထည့်
မလဲ။ သို့သော် ထည့်တာကတော့ သူတို့ရဲ့ ယူနီဖောင်းနဲ့ သူတို့ရဲ့လှုပ်ရှားမှုလေးတွေပေါ့
ဗျာ၊ အကုန်ထည့်တာပေါ့။ ကြံ့ခိုင်ရေးတွေက ဘယ်မှာ ဘာလုပ်တယ်၊ ဘယ်မှာ တံမြက်
စည်းလှဲတယ်၊ ဘိုကလေးမှာ လုပ်တယ်၊ ဒါပဲ ဟန်ပြပဲ။ အဲဒါကို တီဗွီထဲရိုက်ပြတယ်။
သတင်းစာထဲထည့်တယ်။ သူတို့ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်
ချက်ပဲ။"
သခင်ချန်ထွန်း ပြောပြသွားတာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေအနေနဲ့ အရင်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
လို ပါတီဝင်မှ လုပ်ပိုင်ခွင့်ရမယ်ဆိုတာမျိုး အခွင့်အရေးတွေပေးပြီး စည်းရုံးတာတွေ
လုပ်နေသလို တချို့စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် မဟုတ်တဲ့
သူတွေကို လုပ်ပိုင်ခွင့် အာဏာပိုင်တွေက မပေးတော့တဲ့အကြောင်းကိုလည်း ရန်ကုန်
မြို့က နိုင်ငံရေးအကဲခတ်တဦးက အခုလိုပြောပါတယ်။

"ရန်ကုန်မှာ ၃၂ နှစ်မြို့နယ်ရှိတယ်ဆိုရင် ရန်ကုန်တိုင်းမှာ ဥက္ကဋ္ဌက ဗိုလ်မှူးချုပ်
အောင်သိန်းလင်းပဲ။ မြို့နယ်တာဝန်ခံတွေက အတွင်းရေးမှူးတွေပဲ။ အဲဒီအတွင်းရေးမှူး
တွေ၊ ဒါမှမဟုတ် တွဲဖက်အကြံပေးအရာရှိတွေ တော်တော်မျာများက ဒီရွေးကောက်ပွဲမှာ
သင့်လျော်သလို ၀င်ကြတော့မှာ။ အခုဆိုရင် လူကြီးဖြစ်ဖို့ သိန်းဘယ်လောက်၊ ရပ်ကွက်
ဥက္ကဋ္ဌရွေးပွဲဆိုရင် ဥက္ကဋ္ဌက သိန်းဘယ်လောက် ရှာပေးရမယ်၊ အဲဒါဆိုရင် ဥက္ကဋ္ဌခန့်။
သူတို့က ကြံ့ခိုင်ရေးဝင်တဲ့သူတွေကိုပဲ အာမခံချက်ရှိအောင် လုပ်ထားတယ်။ ကြံ့ခိုင်ရေး
ဝင်တဲ့လူက တော်တော်လေး အခြေအနေကောင်းတယ်။ ဖုန်းတွေ၊ မီတာဘောက်စ်တွေ
အလွယ်တကူရတယ်။ ဒီလိုမက်လုံးတွေနဲ့ပဲ။ သိသိသာသာလည်း မဟုတ်ဘူး။ ရေသန့်
စက်ရုံတွေ ဘာတွေ ပါမစ်တွေ တော်တော်များများက သူတို့ပဲ ရနေကြတာ။ အဲဒီတော့
ဒီထဲပဲ ၀င်နေကြတာ။"

ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့အပြင် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သဘော
ထားကွဲလွဲပြီး ဝေဖန်နေတဲ့ ၀ံသာနုအန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ စစ်အစိုးရနဲ့ သဘော
ထားကိုက်ညီတဲ့ ၈၈ မျိုးဆက်အမည်ခံ ကျောင်းသားအုပ်စုတွေနဲ့ နိုင်ငံတကာရဲ့ ဖိအား
ပေးမှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဆန့်ကျင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေကလည်း
ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် ပြင်ဆင်နေတာမျိုးတွေ ရှိတယ်ဆိုတဲ့သတင်းတွေ
ထွက်နေပါတယ်။

စီအာပီပီ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးထောင်ကိုထန်းကတော့
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင်လည်း သူတို့ တိုင်းရင်းသားအဖွဲ့အစည်း
တွေအနေနဲ့တော့ ရွေးကောက်ပွဲဝင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တချိန်တည်း
မှာ ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေက စစ်အစိုးရရဲ့ သြဇာခံတွေပဲဖြစ်မယ်လို့
အခုလိုပြောဆိုပါတယ်။

"၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဓိကအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေဟာ
ဒီမိုကရေစီကျသလား၊ မကျဘူးလား၊ ဒီအပေါ်မှာ အရေးကြီးတယ်ဗျ။ အဲဒါကြောင့်
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုဆန္ဒနဲ့အညီ အတည်ပြုတဲ့ ဖွဲ့စည်းပုံလို့ ပြောလို့
မရဘူး။ အဲဒါကြောင့် ဒီဖွဲ့စည်းပုံအောက်မှာ ကျနော်တို့ နိုင်ငံရေးပါတီဖွဲ့ရင်လည်း
ကျနော်တို့ ပါမှာမဟုတ်ဘူး။ ကျနော်တို့ ပါတီလည်း ဖွဲ့မှာမဟုတ်ဘူး။

"နောက်တခုက ပါတီမဖွဲ့တဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲ
လည်း ကျနော်တို့က ၀င်မှာမဟုတ်ဘူး။ တိုင်းရင်းသားတွေအနေနဲ့လည်း ဒီဖွဲ့စည်းပုံ
အခြေခံဥပဒေအောက်မှာ တိုင်းရင်းသားအခွင့်အရေးလည်း ဘာမှပေးမထားဘူး။
စည်းမျဉ်းတွေ ကန့်သတ်ထားတာ အများကြီးရှိတယ်။ ဒီဖွဲ့စည်းပုံအောက်မှာ စစ်အစိုးရရဲ့
အလိုတော်ကျတွေပဲ ၀င်ဖို့ အခြေအနေရှိပါတယ်။"

မြန်မာစစ်အစိုးရက ကျင်းပဖို့ပြင်ဆင်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
စီအာပီပီ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးထောင်ကိုထန်းရဲ့
သုံးသပ်ချက်ဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available