Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန် ရေကူးချန်ပီယံ Phelps ရွှေတံဆိပ် ရှစ်ခုနဲ့ စံချိန်ချိုး

17 August 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

ကျင်းပနေဆဲ ဘေဂျင်းကမ္ဘာ့ အိုလံပစ် အားကစားပွဲတော်မှာ အမေရိကန် ရေကူးသမား မိုက်ကယ်ဖက်စ်ဟာ သူ့ရဲ့ အဋ္ဌမမြောက် ရွှေတံဆိပ်ကို ဒီနေ့ရယူလိုက်ပြီး ခေတ်သစ် အိုလံပစ်အားကစား ပွဲတော်သမိုင်းမှာ အိုလံပစ် ပြိုင်ပွဲတပွဲထဲမှာ ရွှေတံဆိပ် ၈ခု ရရှိသူအဖြစ် သမိုင်း မော်ကွန်းတင်လိုက်ပါတယ်။ မနေ့က မီတာ ၄၀၀ လေးမျိုး လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ အမေရိကန် အမျိုးသား အသင်းက ပထမရခဲ့ပြီး ဒီပြိုင်ပွဲမှာ မိုက်ကယ်ဖက်စ်ဟာ လိပ်ပြာကူး ပြိုင်ပွဲဝင် ရေကူးသမားအဖြစ် အမေရိကန် အသင်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

အမျိုးသမီး မီတာ ၄၀၀ လေးမျိုး လက်ဆင့်ကမ်း ပြိုင်ပွဲမှာတော့ သြစတေးလျ အမျိုးသမီး အသင်းက ၃မိနစ် ၅၂ဒဿမ ၆၉စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ် တင်ပြီး ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။ 

အမျိုးသား မီတာ ၁၅၀၀ အလွတ်ကူး ပြိုင်ပွဲမှာတော့ တူနီးရှား နိုင်ငံက အိုစာမာ မယ်လိုလီက ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။

တင်းနစ် ပြိုင်ပွဲတွေမှာတော့ အမျိုးသမီး တဦးချင်း ပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲမှာ ရုရှားက အယ်လီနာ ဒီမန်တီရဗာက ပြင်သစ် Openပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ပြင်သစ် တင်းနစ်မယ် ဒီနာရာ ဆာဖီနာကို သုံးပွဲပြတ်နဲ့ နိုင်ခဲ့ပြီး ရွှေတံဆိပ် ရရှိခဲ့ပါတယ်။

အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ အမေရိကန် ညီအစ်မ ဗီးနက်စ်နဲ့ ဆာရီနာ ၀ီလီလျံတို့အတွဲက စပိန်က အံဟဲလ် ဂန်ဂရီ ဂရက်စ်နဲ့ ဗာဂျီးနီးယား ပါစကယ်လ်တို့အတွဲကို နှစ်ပွဲပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သူတို့ ညီအစ်မနှစ်ယောက်ဟာ ဒုတိယအကြိမ်အဖြစ် အိုလံပစ် ရွှေတံဆိပ်ကို ဆက်တိုက် ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available