Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဂျော်ဂျီယာ ခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်သည့်နိုင်ငံများအဖြစ် အသိအမှတ်ပြုရေး ရုရှားအမတ်တွေ တိုက်တွန်း

25 August 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဂျော်ဂျီယာက ခွဲထွက်ထားတဲ့ ဒေသနှစ်ခုကို လွတ်လပ်တဲ့ဒေသတွေအဖြစ် အသိအမှတ်
ပြုဖို့ ရုရှားလွှတ်တော်အမတ်တွေက ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitri
Mevedev) ကို တောင်းဆိုနေကြပါတယ်။

တောင်အိုဇက်တီးယားနဲ့ အက်ဘ်ခါဇီးယားဒေသတွေကို အသိအမှတ်ပြုဖို့ တိုက်တွန်း
တဲ့ ဆုံးဖြတ်ချက်တခုကို ရုရှားအထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ
တခဲနက် ထောက်ခံ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း သမ္မတ
မက်ဗီဒက်ဘ်က လိုက်နာဆောင်ရွက်စရာတော့ မလိုအပ်ပါဘူး။

တချိန်ထဲမှာပဲ ရုရှားစစ်တပ်ရဲ့ ၀င်ရောက်ကျူးကျော် တိုက်ခိုက်မှုကို ခံရတဲ့ ဂျော်ဂျီယာ
နိုင်ငံအပေါ် အမေရိကန်က သံတမန်ရေးအရ ထောက်ခံတယ်ဆိုတာ ပြသတဲ့
လက္ခဏာအဖြစ် အမေရိကန် ဒုတိယသမ္မတ ဒစ်က် ချေနီ (Dick Chaney) ကို
ဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတွေဆီကို အမေရိကန်သမ္မတက စေလွှတ်ထားပါတယ်။

ရှေ့သီတင်းပတ်မှာ စတင်မယ့် မစ္စတာချေနီရဲ့ ခရီးစဉ်မှာ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊
ယူကရိန်းနဲ့ အီတလီနိုင်ငံတွေဆီကို သွားမှာဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available