Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အိုလံပစ် အားကစားပွဲကြောင့် တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးပိုမို ရင်းနှီးခွင့်ရ

25 August 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အိုလံပစ် အားကစားပွဲတော်ဟာ တေးသရုပ်ဖော် ကကွက်တွေ၊ ဗြိတိသျှ နာမည်ကျော် အနုပညာရှင်တွေ၊ လှပ ဆန်းကျယ်တဲ့ ၀တ်စုံတွေနဲ့ ကချေသည်တွေ၊ ဗုံသမားတွေနဲ့ ပိတ်ပွဲ အခမ်းအနား အောင်အောင်မြင်မြင် ကျင်းပပြီးဆုံးသွားခဲ့ပါပြီ။ မီးရှူးမီးပန်းတွေကို အိုလံပစ် အထိမ်းအမှတ် စက်ဝန်း ပုံသဏ္ဍာန် ပစ်ဖောက်ခဲ့တဲ့ တနင်္ဂနွေနေ့က အိုလံပစ် ပိတ်ပွဲ အခမ်းအနားကို လူပေါင်း ကိုးသောင်းကျော် တက်ရောက်ခဲ့ပါတယ်။ အားကစားသမားတွေက အားကစားကွင်းထဲကို ၀င်လာချိန်မှာ ကျွမ်းဘား မောင်မယ်တွေက အားကစားကွင်းအနှံ့ သရုပ်ပြနေကြပါတယ်။

အိုလံပစ် အားကစားပွဲတော်ကြောင့် ကမ္ဘာကြီးဟာ တရုတ်နိုင်ငံ အကြောင်းပိုသိခဲ့ရပါတယ်။ တရုတ်တွေလည်း ကမ္ဘာကြီး အကြောင်း ပိုမို သိရှိခွင့်ရတယ်လို့ နိုင်ငံတကာ အိုလံပစ် ကျင်းပရေး ကော်မတီ အကြီးအကဲ ဂျက် ရော့ဂ်က ပြောကြား သွားပါတယ်။ သူကပဲ ဒီ အားကစားပွဲတော် တရားဝင် ပြီးဆုံးကြောင်း ကြေညာပြီးတော့ နောက်ထပ် လေးနှစ် ၂၀၀၁၂ခုနှစ် ကျရင် လန်ဒန်မြို့တော်မှာ တခါပြန်ဆုံကြမယ့်အကြောင်း ပြောကြားသွားပါတယ်။

ပိတ်ပွဲ အခမ်းအနားရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအချိန်ကတော့ ဘေဂျင်းမြို့တော်ဝန်က အိုလံပစ် အလံကို လန်ဒန် မြို့တော်ဝန်ကို ပေးအပ်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နောက်သိပ်မကြာပါဘူး။ လန်ဒန်မြို့တော်ဟာ အိုလံပစ်ပွဲတော်အတွက် နောက်လာမယ့် မှတ်တိုင်အဖြစ်နဲ့ ဗြိတိသျှအဆိုတော် လီယိုနာ လူးဝစ်နဲ့ လတ် ဇက်ပလင် အဖွဲ့က ဂီတာသမား ဂျင်မီ ပေ့ခ်ျ တို့ ဖျော်ဖြေခဲ့ကြပါတယ်။

 

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available