Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဂျော်ဂျီယာအရေး ရုရှားလုပ်ဆောင်မှု အခြေအနေ ပိုဆိုးလာစေလို့ အမေရိကန်ပြော

27 August 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဂျော်ဂျီယာနိုင်ငံထဲက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ တောင်ပိုင်း အိုဇက်တီးယားနဲ့ အက်ဘ်ခါ
ဇီးယားဒေသတွေကို လွတ်လပ်တဲ့ တိုင်းပြည်တွေအဖြစ် ရုရှားသမ္မတ ဒီမီထရီ မက်ဗီ
ဒက်ဘ် (Dmitri Medvedev) က တရားဝင် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီဒေသ ၂ ခုကို လွတ်လပ်တဲ့တိုင်းပြည်တွေအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာ
ချက်ကို ရုရှားသမ္မတက လက်မှတ်ထိုးလိုက်ပြီး သံတမန်ဆက်ဆံရေးနဲ့ တခြား ပူးပေါင်း
လုပ်ဆောင်မှုတွေ စတင်ဖို့အတွက်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်
ထုတ်ပြန်လိုက်ပါတယ်။

ရုရှားရဲ့ ဒီဆုံးဖြတ်လုပ်ဆောင်ချက်ဟာ တရားဝင်ခြင်းမရှိဘူးလို့ ဂျော်ဂျီယာသမ္မတ
မစ်ခေးလ် ဆာကတ်ရှ်ဗီလီ (Mikheil Saakashvili) က ရုပ်မြင်သံကြားကတဆင့်
ပြောကြားခဲ့ပါတယ်။ ဂျော်ဂျီယာဘက်က နိုင်ငံတကာအသိုင်းအ၀ိုင်းက ရပ်တည်နေတဲ့
အချက်ကိုလည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပြီး ဂျော်ဂျီယာပြည်သူ
တွေအနေနဲ့ ရုရှားရဲ့ ကျူးကျော်လာမှုကို ညီညီညွတ်ညွတ် တုံ့ပြန်ကြဖို့ ဆော်သြလိုက်
ပါတယ်။

ဒီဒေသ ၂ ခုကို လွတ်လပ်တဲ့တိုင်းပြည်တွေအဖြစ် ရုရှားအစိုးရက အခုလို တရားဝင်
အသိအမှတ်ပြုလိုက်တာဟာ သံတမန်နည်းလမ်းအရ လုပ်ဆောင်စရာကိစ္စတွေကို ပိုမို
တင်းမာလာစေတယ်လို့ အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) က ပြောပါ
တယ်။

ရုရှားရဲ့ အခုလုပ်ရပ်ဟာ ဂျော်ဂျီယာရဲ့ ကိုယ်ပိုင်နယ်မြေ အချုပ်အခြာ အာဏာတည်မြဲမှု
ကို အသိအမှတ်ပြုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုက်ညီခြင်း
မရှိဘူးလို့လည်း သမ္မတဘုရှ် မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါ
တယ်။ ရုရှားနိုင်ငံလည်း အဲဒီဆုံးဖြတ်ချက်တွေကို မဲပေးခဲ့တာပဲလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းလာမယ့် ရုရှားရဲ့ အဆိုပြုချက်ဟာ
ရောက်ရောက်ချင်း ပျက်စီးသွားမယ်လို့ အရှေ့အလယ်ပိုင်းဒေသကို ရောက်နေတဲ့
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) ကလည်း ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available