Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဘားရက် အိုဘားမားကို တရားဝင် ရွေးချယ်

28 August 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တစ် ပါတီက ဘားရက် အိုဘားမားကို ရွေးချယ် သတ်မှတ်လိုက်ပါပြီ။ အီလီနွိုင်းပြည်နယ် အထက်လွှတ်တော်အမတ် အိုဘားမားဟာ အမေရိကန် နိုင်ငံရေး ပါတီကြီး တခုက အာဖရိက နွယ်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးအား ပထမဆုံး သမ္မတလောင်း အဖြစ် တရားဝင် ရွေးချယ်ခံရသူလည်း ဖြစ်လာပါပြီ။

ဒန်ဗာမြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံ တတိယနေ့မှာ ပြည်နယ် ကိုယ်စားလှယ်များက အထက်လွှတ်တော် အမတ်များ ဖြစ်ကြတဲ့ အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ရဲ့ နာမည်များ အဆိုပြုချက်မှာ ပါရှိတဲ့အတိုင်း အသီးသီး မဲပေးခဲ့ကြပါတယ်။

ခန်းမတွင်းရှိ ကိုယ်စားလှယ်များက လက်ခုတ် သြဘာပေးကြပြီး မဲဆွယ်စဉ်က အိုဘားမားရဲ့ ကြွေးကြော်သံဖြစ်တဲ့ ဟုတ်တယ်၊ ကျွန်ုပ်တို့ တတ်နိုင်ပါတယ်လို့  အော်ဟစ်ကြပါတယ်။ သူနဲ့ အတူ ဒုတိယသမ္မတလောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒယ်လာဝဲလ် ပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဇက် ဘိုင်ဒန်ကလည်းပဲ သတ်မှတ်ချက်ကို လက်ခံကြောင်း မကြာမီ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ဘားရက် အိုဘားမားကတော့ သမ္မတလောင်းအဖြစ် လက်ခံကြောင်း ပါတီညီလာခံသို့ မိန့်ကြားပါလိမ့်မယ်။
 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available