Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမျိုးသမီးများ တန်းတူအခွင့်အရေး နဲ့ မဲပေးခွင့် ရရှိခဲ့တဲ့နေ့ နှစ်ပတ်လည်

29 August 2008
ဒေါ်လှလှသန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်လှလှသန်း - နားဆင်ရန် (MP3) audio clip

အမျိုးသမီးများ မဲပေးခွင့် ရရှိခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ သြဂုတ်လ ၂၆ ရက်နေ့ နှစ်ပတ်လည်မှာ နယူရော့ပြည်နယ် အထက်လွှတ်တော်အမတ် ဟေလရီ ကလင်တန် (Hillary Clinton) က ဒီမိုကရက်တစ်ပါတီ ပြည်လုံးကျွတ် ညီလာခံ မိန်းခွန်းမှာ ပြောကြားခဲ့ပါတယ်။

"ကျမအနေနဲ့ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အမတ် အခုလို ဖြစ်လာရတာ ၁၈၄၈ ခုနှစ်မှာ ရဲရင့်တဲ့ အမျိုးသမီးတစု နဲ့ သတ္တိရှိတဲ့ အမျိုးသားတချို့  တို့က နယူရော့ပြည်နယ် စီနီကဖော် (Seneca Falls, New York) မှာ ကျမတို့ သမိုင်းမှာ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ပထမဦးဆုံး ညီလာခံမှာ ပါဝင်တက်ရောက် နိုင်ကြဖို့ နေပေါင်း ညပေါင်းများစွာ ခရီးထွက်ခဲ့ကြတာ ဖြစ်တယ်" လို့ အမျိုးသမီးများ မဲပေးပိုင်ခွင့် ကြိုးပမ်းခဲ့ကြပုံကို သြဂုတ်လ ၂၆ ဒီမိုကရက်တစ် ပြည်လုံးကျွတ် ညီလာခံမှာ ပြောကြားသွားခဲ့ပါတယ်။

"မဲပေးပိုင်ခွင့် ရကြဖို့ ရုန်းကန်ခဲ့ကြတာ နှစ်ပေါင်း ၇၂ နှစ် ကြာမြင့်ခဲ့ပါတယ်။ ဒီလို ရုန်းကန်မှုကို အမေ က တဆင့် သမီး၊ သမီး က တဆင့် မြေးတွေ သားတွေ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးတွေ ရဲ့  အမျိုးသမီးများ အခွင့်အရေး ရရှိမှုကို ကြိုးပမ်းခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်များ အကြောင်း နဲ့ သမိုင်းဆိုင်ရာ အချက်အလက်များ၊ လွတ်တော်အမတ် ဟေလရီ ကလင်တန် ရဲ့  ပြောဆို ကောက်နုတ်ချက်များ ကို ဒေါ်လှလှသန်း က  အမျိုးသမီးကဏ္ဍမှ တင်ဆက်ထားပါတယ်။  

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available