Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဂျော်ဂျီယာအရေး အီးယူဆုံးဖြတ်ချက်ကို ရုရှားဝေဖန်

02 September 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဂျော်ဂျီယာပြဿနာနဲ့ ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂက ရုရှားနိုင်ငံနဲ့ မိတ်ဖက်
အဖြစ် ဆက်ဆံရေးတွေကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ရုရှားအစိုးရဘက်က
တုံ့ပြန် ဝေဖန်လိုက်ပါတယ်။

ဒါပေမယ့်လည်း ဂျော်ဂျီယာအပေါ် စစ်ဆင်ခဲ့တဲ့အတွက် ရုရှားအပေါ် ချက်ချင်း ပြစ်ဒဏ်
တွေ ချမှတ်ဖို့နဲ့ တခြား ပိတ်ဆို့အရေးယူမှုတွေ မလုပ်ဖို့ အီးယူနိုင်ငံ အများစုက
ဆုံးဖြတ်လိုက်တဲ့အပေါ် ရုရှားနိုင်ငံခြားရေးဌာနက ချီးကျူးတဲ့အကြောင်း ကြေညာချက်
တစောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အီးယူနိုင်ငံတွေအနေနဲ့ ပြဿနာအပေါ် တာဝန်သိတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဆောင်ရွက်ခဲ့
တယ်၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုကို ကောင်းကောင်း
သဘောပေါက် နားလည်ကြတယ်ဆိုပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ
ဖော်ပြလိုက်တာပါ။

ရုရှားနိုင်ငံအနေနဲ့ သူ့အကျိုးစီးပွားထိခိုက်မယ့် အရေးယူ ဆောင်ရွက်မှုတွေကို တုံ့ပြန်
သွားမယ်လို့ သတိပေးပြောဆိုထားတာလည်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် ဥရောပက
လောင်စာတင်ပို့မှုနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံအပေါ် အကြီးအကျယ် မှီခိုနေရတာကို
သတိပေးလိုက်တာပဲလို့လည်း ဆန်းစစ်သူတွေက ဆိုကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available