Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဟေလရီ ကလင်တန် မိန့်ခွန်းထဲမှ အီဒီယံအသုံးအနှုန်းများ

01 September 2008
ဒေါ်လှလှသန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်လှလှသန်း - နားဆင်ရန် (MP3) audio clip

အခုတပတ် တင်ပြထားတဲ့ အီဒီယံအသုံးအနူန်းများကတော့ ပြီးဆုံးသွားခဲ့တဲ့ ဒီမိုကရက်တစ် ပြည်လုံးကျွတ် ညီလာခံကြီးမှာ နယူးရော့ပြည်နယ် အထက်လွှတ်တော်အမတ် ဟေလရီ ကလင်တန် (Hillary Clinton) သြဂုတ်လ ၂၆ ရက်နေ့ညမှာ ပြောဆိုသွားတဲ့ မိန့်ခွန်းထဲက အီဒီယံအသုံးအနှုန်း ဝေါဟာရအချို့ များဖြစ်တဲ့ No Way No How, Gave In Gave Up, Green Collar Jobs တို့ကို ကောက်နုတ် တင်ပြထားပါတယ်။

ပထမ အီဒီယံအသုံးအနူန်း = No Way No How  "ဘယ်လိုမှ လက်မခံနိုင်တဲ့နည်း၊ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး"။

အထက်လွှတ်တော်အမတ် ဟေလရီ ပြောသွားတာကတော့ "No way, no how, no McCain." "ဘယ်လိုမှ ဘယ်နည်းနဲ့မှ လုံးဝ မက္ကိန် ကို လက်မခံနိုင်ဘူး" လို့ ပြောဆိုသွားတာပါ။

ဒုတိယ အီဒီယံအသုံးအနူန်း = Gave In (အရှုံးပေးခြင်း)၊ Gave Up (လက်မြောက်အရှုံးပေးခြင်း)

ဥပမာ - "You never gave in and you never gave up. And, together we made history."

"ရှင်တို့တတွေ အညံ့မခံခဲ့ကြဘူး။ ရှင်တို့တတွေ လက်မြောက်အရှုံး မပေးခဲ့ကြဘူး။ ဒါကြောင့်လည်း ကျမတို့တတွေ အားလုံးအတူတကွ သမိုင်းမှတ်ကျောက် တင်နိုင်ခဲ့တယ် လို့ အဓိပ္ပာယ် ရပါတယ်။"

တတိယ အီဒီယံအသုံးအနူန်း = Green Collar Jobs (တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက် "အင်္ကျီကော်လာစိမ်း အလုပ်အကိုင်")။ ရှိရင်စွဲ အလုပ်အကိုင် အဆင့်အတန်း နှစ်မျိုးရှိပါတယ်။ White Collar Job (ကော်လာအဖြူ အလုပ်အကိုင် နဲ့ Blue Collar Jobs (ကော်လာပြာ အလုပ်အကိုင်) တို့ဖြစ်ပါတယ်။

အီဒီယံအသုံးအနှုန်းမှာတော့ White Collar Jobs ကို ပညာတက် (ညဏ) ရုံးအလုပ်အကိုင်မျိုးကို ခေါ်ဆိုပြီး Blue Collar Jobs ကတော့ ပင်ပန်းတဲ့ အလုပ်ကြမ်း (ကာယ) အလုပ်အကိုင်များကို ခေါ်ဆိုပါတယ်။ အခုခေတ် ကာလမှာတော့ ပတ်ဝန်ကျင် ထိန်းသိမ်းရေး၊ ကမ္ဘာကြီး ပူနွေးလာမှုတွေ ခေတ်စားလာတဲ့ အချိန်မှာ Green Collar Jobs ဆိုတာကတော့ ပတ်ဝန်ကျင် စိမ်းလန်းစိုပြေ သာယာရေးကို လုပ်ကိုင်တဲ့ အလုပ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ - "To promote a clean energy economy, we'll create a million of green collar jobs"

"သန့်စင်တဲ့ လောင်စားစွမ်းအင် အသုံးပြုတဲ့ စီးပွားရေးစနစ်ကို ထောက်ခံ အားပေးခြင်းဖြင့် ပတ်ဝန်ကျင် စိမ်းလန်စိုပြေမဲ့ အလုပ်အကိုင်များစွာကို ဖန်တီးစေမယ်" လို့ ပြောကြားသွားတာပါ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
အထွေထွေညီလာခံ ဆုံးဖြတ်ချက် စစ်အစိုးရ ငြင်းဆန်  Audio Clip Available
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available