Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

စစ်တပ် အာဏာသိမ်း အနှစ် ၂၀ ပြည့်

19 September 2008
ကေသွယ်ခိုင် - အစီအစဉ်ကိုရယူရန် (WM) video clip
ကေသွယ်ခိုင် - ကြည့်ရှုရန် (WM) video clip

 မြန်မာ ပြည်သူ တရပ်လုံးက ဒီမိုကရေစီလိုလားတဲ့ အကြောင်း ၁၉၈၈ခုနှစ်က နိုင်ငံတ၀ှမ်းလုံး ပြသခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး တိုင်းပြည်ကို အာဏာသိမ်း အုပ်ချုပ်ခဲ့တာ စက်တင်ဘာလ ၁၈ ရက်နေ့ကဆိုရင် နှစ် ၂၀ ပြည့်လာခဲ့ပါပြီ။

ဒီအချိန်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၀၇ခု ရွှေဝါရောင် တော်လှန်ရေး သံဃာ့လှုပ်ရှားမှု နှစ်ပါတ်လည် ကာလနဲ့ လည်း တိုက်ဆိုင် နေတာမို့ နိုင်ငံတကာရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အထိမ်းအမှတ်ပွဲတွေ ကမ္ဘာတ၀ှမ်းမှာ ကျင်းပခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာကတော့ စစ်တပ်ရဲ့ လုံခြုံရေး အထူး တင်းကျပ်မှုတွေ ရှိနေခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာတွေကတော့ ဘန်ကောက်မှာ ရှိတဲ့ မြန်မာ သံရုံးရှေ့မှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာ စစ်အစိုးရကတော့ ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲရေး ဆိုပြီး အချက် ၇ချက်ပါတဲ့ လမ်းပြ မြေပုံအတိုင်း လာမယ့် ၂၀၁၀ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲ တခုကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမယ့်လည်း တဘက်မှာတော့ မြန်မာ   ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်တိုးထားပြီး  ဒီမိုကရေစီ လှုပ်ရှားသူတွေကို ထောင်နဲ့ချီပြီး ဖမ်းဆီး ထောင်ချထားပါတယ်။ ဒီမိုကရေစီ အင်အားစုတွေကတော့ စစ်အစိုးရရဲ့  လမ်းပြ မြေပုံဟာ တရားမျှတမှု မရှိဘူးဆိုပြီး ကန့်ကွက်နေကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available