Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အီတလီနိုင်ငံ အထင်ကရနေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပိုစတာ ချိတ်ဆွဲဂုဏ်ပြု

03 January 2008
ဗွီဒီယိုကြည်ရန် (WMV) - Download 1.52M - အစီအစဉ်ကိုရယူရန် (WM) video clip
ဗွီဒီယိုကြည်ရန် (WMV) - Download 1.52M - ကြည့်ရှုရန် (WM) video clip

Pisa_DASSK-210
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် ပီဇာမျှော်စဉ်
ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမြဲစည်ကားနေတဲ့ အီတလီ နိုင်ငံ ရောမမြို့ရဲ့ မြို့တော်ခန်းမရှေ့ မှာတော့ အခုအချိန် အထိ အဖမ်းခံနေရတုန်းဖြစ်တဲ့  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုလံဘီယာ နိုင်ငံက သမတလောင်း ၀င်ပြိုင်ဖို့ စည်းရုံးရေး ဆင်းနေတုန်း ကွန်မြူနစ် သူပုန်တွေက ပြန်ပေးဆွဲတာကို ခံခဲ့ရတဲ့ အင်းဒရစ် ဘန်တန်ကော့တို့ရဲ့ ဂရုဏာသက်ဖွယ် ကောင်းတဲ့ ဓာတ်ပုံပိုစတာကြီးတခုကို ဒီဇင်ဘာ ၃၀ရက် တနင်္ဂနွေနေ့မှာ ချိတ်ဆွဲထားတာ ကို တွေ့ရပါတယ်။ 

နိုင်ငံရေး ယုံကြည်ချက်ကြောင့် မိမိရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ပိတ်ပင်ခံနေရတဲ့ သူတွေကို ဂုဏ်ပြုတဲ့ အထိန်းအမှတ်နဲ့ ရောမမြို့ရဲ့ မြို့ဝန် Walter Veltroni က အဲဒီပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံပိုစတာတွေကို ချိတ်ဆွဲလာတာ အခုဆိုရင် နှစ်ပေါင်း တော်တော်ကြာခဲ့ပါပြီ။

 အရင်နှစ်တွေကဆို ပြန်ပေးဆွဲခံထားရတဲ့ သတင်းသမား ဂျူလီယာနား ဆာရီနာ (Giuliana Sgrena) နဲ့ ဒန်နီယယ် မာစတိုဂျီယာကိုမို(Daniele Mastrogiacomo) တို့လို၊ ကူညီထောက်ပံ့ရေး လုပ်သားတွေ ဖြစ်တဲ့ ဆိုင်မိုနာ ပါရီ(Simona Pari)နဲ့ ဆိုင်မိုနာ တိုရက်တာ(Simona Torretta)တို့ရဲ့ ပုံတွေကို ချိတ်ဆွဲခဲ့ပါတယ်။

“အခုချိန်ဟာ အမျိုးသမီးတွေအတွက် အလွန်ကို ကြေကွဲစရာကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်။ ဘနာဇီယာ ဘူတိုရဲ့အဖြစ်ဟာ သိပ်ကို စိုးရွားတဲ့ ကိစ္စဖြစ်စေခဲ့ပါတယ်။ သူတို့ဟာ တကယ်ပဲ စစ်မှန်ခိုင်မာတဲ့ ပုဂ္ဂိုလ်တွေပါ။ တချိန်ထဲမှာပဲ သူတို့တွေဟာ ထိခိုက်ဖို့လွယ်တဲ့ သူတွေလည်း ဖြစ်ပါတယ်လို့  ရောမမြို့သားတစ်ဦးက ပြောသွားခဲ့တာပါ။

ဇန်န၀ါရီလ ၁ရက်နေ့မှာလည်း အီတလီနိုင်ငံရဲ့ ကမ္ဘာကျော် ရှေးဟောင်းမြို့တော် တခုဖြစ်တဲ့ ပီဇာ မြို့က မျှော်စဉ်ကြီးမှာ ပီဇာမြို့တော်ဝန်က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပိုစတာကို ဂုဏ်ပြုချိတ်ဆွဲထားပါတယ်။

ပြီခဲ့တဲ့ ဒီဇင်ဘာလကုန် ပိုင်းကလည်း အီတလီနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ခဲ့ပါသေးတယ်။

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
အိုဘားမား အစိုးရသစ် အတွက် ၀န် ကြီးများ ရွေးချယ်  Audio Clip Available

  More From VOA
မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ  Audio Clip Available
အာရှပစိဖိတ် အစည်းအဝေး သမ္မတဘုရှ် တက်မည်  Audio Clip Available
ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ  Audio Clip Available
ငွေကြး ကယ်တင်ရေး အစီအစဉ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အာဏာခွဲဝေရေးမလုပ်ရင် ဇင်ဘာဘွေကို အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမည်  Audio Clip Available
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ  Audio Clip Available
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်  Audio Clip Available
စီရင်ချက်ချပြီး ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်နေ  Audio Clip Available
ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ  Audio Clip Available