နောက်ဆုံးထုတ်လွှင့်ခဲ့သော ဒီမိုကရေစီရေးရာဆွေးနွေးခန်း
သြဂုတ် ၂၄၊ ၂၀၀၈ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) မြန်မာပြည်ကို ခြောက်ကြိမ်မြောက် သွားရောက်ခဲ့တဲ့ အစီအစဉ်ကို သြဂုတ်လ ၂၃ ရက် (စနေနေ့) က အဆုံးသတ်ခဲ့ပါတယ်။ ခရီးစဉ်များအနက် ဒီတကြိမ် ခရီးစဉ်က အငြင်းပွါးဖွယ်အဖြစ်ဆုံးလို့ ဆိုကြပါတယ်။ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ တွေ့ဆုံခွင့်မရခဲ့သလို၊ မြန်မာဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ စစ်အစိုးရ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံမှုများပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ နဲ့ တွေ့ဆုံမှုနည်းခဲ့ပါတယ်။ စစ်အစိုးရ ချမှတ်လုပ်ကိုင်နေတဲ့ လမ်းပြမြေပုံအတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့တာကြောင့် ပြည်တွင်းပြည်ပ ဆန့်ကျင်မှုများကို ခံရပါတယ်။ ဒီအကြောင်းအရာများ နဲ့ မစ္စတာ ဂမ်ဘာရီ ခရီးစဉ် လုပ်ကိုင်မှုတို့ကို ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် ကို ဗွီအိုအေမြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ရန် 
သြဂုတ် ၁၇၊ ၂၀၀၈ (ပြန်ထုတ်လွှင့်) - နိုင်ငံတကာအလယ်မှာ လူ့အခွင့်အရေး ဖောက်ဖျက်နေတဲ့ နိုင်ငံများအဖြစ် အမြဲဖော်ပြခြင်း ခံနေရတဲ့ မြန်မာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ မြောက်ကိုးရီးယား စတဲ့ နိုင်ငံတွေထဲက ဆူဒန်နိုင်ငံရဲ့  လက်ရှိ သမ္မတ အိုမာ အလ်ဘရှား (Omar al-Bashir) ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ကနေ ဖမ်းဝရမ်း ထုတ်ပေးဖို့အရေး တရားလိုရှေ့ နေချုပ်က တောင်းဆိုလိုက်ပါတယ်။ ICC ကနေ ဆူဒန်အစိုးရ ခေါင်းဆောင်ကို တရားစွဲပြစ်ဒဏ်ပေးဖို့ လုပ်ဆောင်နေသလို လူ့အခွင့်အရေး ရာဇ၀တ်မှု ကျူးလွန်းနေတဲ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်များကို ဘယ်လို တရားစွဲလုပ်ဆောင်နိုင်မလဲ၊ ဥပဒေဆိုင်ရာ လုပ်ဆောင်ရန် လိုအပ်ချက်များ၊ လက်တွေအားဖြင့် ဘယ်လောက်ထိရောက်မှု ရှိနိုင်သလဲ၊ နိုင်ငံတကာ နဲ့ ဒေသတွင်း တုန့်ပြန်မှု၊ အကျိုးရလဒ် စတဲ့ နိုင်ငံတကာ တရားဥပဒေဆိုင်ရာများကို အမေရိကန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး တရားမျှတရေးအဖွဲ့ (Justice for Human Rights in Burma - လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက မြန်မာစစ်ခေါင်းဆောင်တွေကို ဘယ်လ်ဂျီယန်တရားရုံး တခုမှာ တရားစွဲနိုင်ဖို့အရေး ကြိုးစားခဲ့တဲ့အဖွဲ့) ရဲ့  တာဝန်ခံ ဦးဝင်းမိုး (၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း) နဲ့ ဥပဒေပါရဂူ ချင်းအမျိုးသား ဒေါက်တာ အင်ဒရူး ငွေကျုံလျန် (Indiana University School of Law) တို့ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန် 
သြဂုတ် ၁၀၊ ၂၀၀၈ - ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုအောက်မှာ မြန်မာ့ဆိုရှယ်လစ်ပါတီ ပြိုကွဲသွားပြီး နိုင်ငံတော်အုပ်ချုပ်မှု ယန္တယားပျက်ခဲ့သလို စစ်ထောက်လှမ်းရေးအဖွဲ့ကြီးလည်း ဘာကိုမှလုပ်ဆောင် ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ စက်တင်္ဘာလအတွင်း စစ်တပ်က အာဏာသိမ်းခဲ့တာလည်း ထောက်လှမ်းရေးရဲ့  အကွက်ချလုပ်ဆောင်မှု မဟုတ်ဘဲ စစ်တပ်တခုလုံးအနေနဲ့ အာဏာရှင် ဦးနေ၀င်းရဲ့  အမိန့်ကို နာခံပြီး လုပ်ခဲ့ရတာဖြစ်တယ်။ အဲဒီလို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ဖြစ်ခဲ့ရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့အတွင်းက အခြေအနေ၊ လုပ်ဆောင်ခဲ့တာတွေကို ဗွီအိုအေ ဌာနမှုး ဦးသန်းလွင်ထွန်း က စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် အား ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန် 
သြဂုတ် ၃၊ ၂၀၀၈- လွန်ခဲ့တဲ့ အနှစ် ၂၀ သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလို့ ခေါ်တဲ့ တစ်ပါတီ အာဏာရှင် စံနစ်အောက်မှာ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေနဲ့အတူ အထွေထွေ လူထုအုံကြွပေါက်ကွဲမှုကြီး တခုဆီကို အမြင့်မားဆုံး ဦးတည်နေတဲ့အချိန် ဖြစ်ပါတယ်။ ရှစ်လေးလုံး လှုပ်ရှားမှုဆိုတဲ့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေရဲ့ တိုက်ပွဲခေါ်သံတွေကို နိုင်ငံတကာ အသံလွှင့်ဌာနတွေကနေတဆင့် စပြီးကြားလာရတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲဒီလို အချိန်အခါမျိုးမှာ နိုင်ငံတ၀ှမ်းလုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်နေခဲ့ရတဲ့ MI လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိခဲ့ပါသလဲ။ အမေရိကန် ပြည်ထောင်စုမှာ ၂၀၀၅ ခုနှစ်က သံတမန်တဦးအဖြစ် နိုင်ငံရေး ခိုလှုံခဲ့သူ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ရန်
ဇူလိုင် ၂၇၊ ၂၀၀၈ - Prisoner of Conscience ကို "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများ (သို့) နိုင်ငံရေးအကျဉ်းသမားများ" လို့ ခေါ်ပါတယ် ။ နိုင်ငံရေး ယုံကြည်ချက်အပြင်၊ ဘာသာရေးယုံကြည်ချက်၊ ဖိုမ၊ အသားအရောင် နဲ့ ယဉ်ကျေးမှု ရိုးရာဓလေ့ ယုံကြည်ချက် တွေက သက်ဆိုင်ရာ ဖိနိုပ်သူ အဖွဲ့အစည်းတွေရဲ့  မူဝါဒနဲ့ မကိုက်ညီတာမို့ အဲဒီခံယူချက် ကွဲလွဲသူတွေကို ဖမ်းဆီးချုပ်နှောင်းထားခြင်း၊ အကျယ်ချုပ်ချထားခြင်း၊ ပြောဆိုသွားလာခွင့်တွေ ပိတ်ပင်ခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။ဇူလိုင်လ ၂၄ ရက်နေ့က နယူရော့မြို့  ကမ္ဘာကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ "ယုံကြည်မှုကြောင့် အကျဉ်းချခံထားရသူများ" အရေး ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံရဲ့  အခြေအနေနဲ့ ကိုယ်တိုင်အတွေ့အကြုံတွေကို တင်ပြခဲ့တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့  (US Campaign for Burma) ဒါရိုက်တာ ဦးအောင်ဒင် ကို ဆွေးနွေးပွဲ ရည်ရွယ်ချက်၊ အာဏာရှင်အစိုးရများအောက် နိုင်ငံရေး အကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးလုပ်တာ အပြစ်ရှိလား၊ မြန်မာနိုင်ငံရေးအကျဉ်းသမားများ အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း နဲ့  နိုင်ငံတကာ ဖိအားပေးလုပ်ဆောင်မှု အကြောင်းအရာများကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန် 
ဇူလိုင် ၁၃၊ ၂၀၀၈ - စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်မဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးပွဲမှာ အာဆီယံပဋိဥာဉ် စာတမ်းကို နိုင်ငံတွေအလိုက် အတည်ပြုနိုင်ရေး ပိုပြီးဖြစ်လာနိုင်စရာတွေ ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှုးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) ပြောကြားထားပါတယ်။ အာဆီယံအဖွဲ့ကြီးအနေနဲ့ အဖွဲ့ကြီးရဲ့  လုပ်ငန်းဆောင်တာတွေကို ပိုပြီးတိတိကျကျ တာဝန်ခွဲဝေ သတ်မှတ်နိုင်ရေးအပြင် ဒေသအတွင်း လူ့အခွင့်အရေး စောင့်ရှောက်နိုင်ရေးအပိုင်းကိုပါ ဒီ ပဋိဥာဉ်စာချုပ်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီအချက်ဟာ ဒေသအတွင်းမှာ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် အခြေအတင် ငြင်းခုံစရာအချက်တွေလည်း ဖြစ်နေခဲ့တာမို့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အာရှပစီဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Burma Partnership) ရဲ့  တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်ဥမ္မာ ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။ နားဆင်ရန် 
ဇူလိုင် ၆၊ ၂၀၀၈ - Austria နိုင်ငံ Vienna မြို့ မှ ကျင်းပပြုလုပ်သွားတဲ့ ကမ္ဘာ့တရားရေးဆိုင်ရာ ညီလာခံ (The World Justice Forum) မှာ နိုင်ငံတကာတရား ဥပဒေပညာရှင်တွေက နိုင်ငံတကာစံနှုန်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် လက်ခံရမဲ့ Rule of Law Index ခေါ်တဲ့ "နိုင်ငံအလိုက် ဥပဒေအညီ စိုးမိုးအုပ်ချုပ်ခြင်းရှိမရှိ အခြေပြ ညွန်းကိန်းဇယား" တခုကို ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလို တိတိကျကျ စံနှုန်း သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံလို ဇင်ဘာဘွေလို နိုင်ငံတွေမှာ အုပ်စိုးသူတွေက ဥပဒေအထက်ကနေ ထင်ရာစိုင်းနေတဲ့ အခြေအနေတွေကို တားဆီးနိုင်ဖို့ နဲ့ နိုင်ငံတကာက တညီတညွတ်တည်း ၀ိုင်းပြီးဖိအားပေးနိုင်ရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုထားပါတယ်။ တရားဥပဒေနဲ့အညီ စိုးမိုးအုပ်ချုပ်ခြင်း (Rule of law) ဆိုင်ရာ သိကောင်းစရာများကို အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ရ ချင်းအမျိုးသား ဒေါက်တာ အင်ဒရူး ငွေကျုံလျန် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ရန် 
ဇွန် ၂၉၊ ၂၀၀၈ - နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ပြီးနောက်ပိုင်း သတင်းဂျာနယ်တွေအပေါ် စစ်အစိုးရ၏ ဖိနှိပ်တင်းကြပ်မှုတွေ ပိုများလာပါတယ်။ မုန်တိုင်းသတင်းရယူရေးသားခဲ့တဲ့ သတင်းထောက်အချို့  အဖမ်းခံရ၊ ပုဒ်မအသစ်များထုတ်ကာ တရားစွဲ ဖမ်းဆီးမှုများကို စစ်အစိုးရက လုပ်ဆောင်နေပါတယ်။ ဒီလို စစ်အစိုးရရဲ့  လုပ်ရပ်တွေ ပြည်သူတွေရဲ့  အကျိုးစီးပွားကို ကာကွယ်နိုင်ရေး ရှေ့ ရှု့ နိုင်ပါမလား၊ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီ လူ့ဘောင်လောကအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ထိုင်နိုင်ငံအခြေစိုက် ပြည်ပရောက်မြန်မာသတင်းသမဂ္ဂအတွင်းရေးမှုး ဦးစံမိုးဝေ ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။ နားဆင်ရန် 
ဇွန် ၂၂၊ ၂၀၀၈ - စစ်အစိုးရအတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေကို ဘယ်လိုနည်းလမ်းများနဲ့ ဆန့်ကျင်သွားမလဲ၊ အတိုက်အခံအင်အားစုတွေ ဘာတွေပြင်ဆင်လုပ်ကိုင်နေသလဲ၊ ပြည်ပနိုင်ငံရေး အဖွဲ့အစည်းတွေက ဘာတွေလုပ်ကိုင်နေသလဲ စတဲ့ အကြောင်းအရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အမေရိကန်ဌာနခွဲ) ဥက္ကဌ ဦးအောင်စောဦး ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က မေးမြန်းဆွေးနွေးထားပါတယ်။ နားဆင်ရန် 
ဇွန် ၁၅၊ ၂၀၀၈ (ပြန်လည်ထုတ်လွှင့်) - မြန်မာစစ်အာဏာရှင် အစိုးရဲ့  ရက်စက်ကြမ်းကြုတ်မူများနဲ့ပတ်သက်လို့ ကိုယ်တွေ့ဖြစ်ရပ်များကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ သံမှုးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ (ထောက်လှမ်းရေးမှုဟောင်း)၊ လက်ရှိ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရယူနေထိုင်နေသူ ဗိုလ်မှုးအောင်လင်းထွဋ် အား ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက မေးမြန်းတင်ပြထား ပါတယ်။ နားဆင်ရန် 
ဇွန် ၈၊ ၂၀၀၈ - မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရပ်သား အစိုးရ တက်လာရင် နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးခံရမယ့် အရေးကို အမြဲစိုးရိမ်ပူပန်နေတဲ့ သူဖြစ်ကြောင်း စစ်ထောက်လှမ်းရေးမှူးဟောင်းနဲ့ သံမှူးကြီးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။ နားဆင်ရန် 
ဇွန် ၁၊ ၂၀၀၈ - လွန်ခဲ့တဲ့ ငါးနှစ် (မေလ ၃၀၊ ၂၀၀၃) ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုမှာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှုး ဦးအောင်သောင်း တို့ ဘယ်လိုအကွက်ချအမိန့်ပေးလုပ်ဆောင်ခဲ့ပုံကို စစ်ထောက်လှမ်းရေးမှုးဟောင်း ဗိုလ်မှုးအောင်လင်းထွဋ် က ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း အား ပြောဆိုချက်ကို တင်ပြထားပါတယ်။ နားဆင်ရန် 
မေ ၂၅၊ ၂၀၀၈ - မြန်မာစစ်အာဏာရှင် အစိုးရဲ့  ရက်စက်ကြမ်းကြုတ်မူများနဲ့ပတ်သက်လို့ ကိုယ်တွေ့ဖြစ်ရပ်များကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ သံမှုးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ (ထောက်လှမ်းရေးမှုဟောင်း)၊ လက်ရှိ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရယူနေထိုင်နေသူ ဗိုလ်မှုးအောင်လင်းထွဋ် အား ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက မေးမြန်းတင်ပြထား ပါတယ်။ နားဆင်ရန် 
မေ ၁၈၊ ၂၀၀၈ - မေလ ၁၀ ရက်နေ့ က စစ်အစိုးရပြုလုပ်ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲမှာ ပြည်သူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ၉၂.၄ ရာခိုင်းနူန်းက တခဲနက်ထောက်ခံကြောင်း စစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေရေးရာ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းညွှန့်အား ဌာနမှုးဦးသန်းလွင်ထွန်းက မေးမြန်းဆွေးနွေးတင်ပြထားပါတယ်။ နားဆင်ရန် 
မေ ၁၁၊ ၂၀၀၈ - ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်အခြေဆိုက် သတင်းစာဆရာ မစ္စတာ အာမီယာ ကချာရူးအား ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သဘာဝ ကပ်ဘေး၊ မုန်တိုင်းဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းလုပ်ဆောင်ချက်များ နဲ့ ကြုံတွေ့လာရသော ကပ်ဘေးဒုက္ခဆိုင်ရာတို့ကို နိုင်ငံတကာနဲ့ ဘယ်လိုပူးတွဲဖြေရှင်းလုပ်ကိုင်ပုံတို့ကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။ နားဆင်ရန် 
ဧပြီ ၂၇၊ ၂၀၀၈ -“အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးခြင်းဖြင့် မြန်မာလူထု အောင်ပွဲခံလိမ့်မည်။” - ဆမ်ရိန်ဆေး (Sam Rainsey)၊ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်။ နားဆင်ရန် 
ဧပြီ ၂၀၊ ၂၀၀၈ - ဘေဂျင်းအိုလံပစ်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲ။ ဦးမောင်မောင်မြင့်၊ ဥက္ကဋ္ဌ၊ မြန်မာ့သတင်းသမဂ္ဂနှင့် ဆက်သွယ် မေးမြန်းချက်။ နားဆင်ရန် 
ဧပြီ ၁၃၊ ၂၀၀၈ - “ဥပဒေမူကြမ်းကို ထောက်ခံမဲများရရန် ဆန္ဒမဲကောက်ယူမည့် လုပ်ငန်းစဉ်ကို ခက်ခဲ ရှုပ်ထွေးအောင် စစ်အစိုးရက လုပ်ဆောင်ထား။” - ဦးသိန်းဦး (၁၉၉၀ ပြည့် ရွေးကောက်ပွဲ၊ မန္တလေး အနောက်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ အဖွဲ့ဝင်၊ ထိုင်း-မြန်မာနယ်စပ်) နားဆင်ရန် 
ဧပြီ ၀၆၊ ၂၀၀၈ - “အခြေခံဥပဒေမူကြမ်းကို တရားမ၀င် ဖြန့်ဝေနေခြင်းသည် မြန်မာစစ်အစိုးရက သွေးတိုးစမ်းနေခြင်းဖြစ်သည်။” - ခွန်ဥက္ကာ (ပအို့ဝ် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရက်တစ်တပ်ဦး) နားဆင်ရန် 