စာသားသက်သက်ရယူရန်
အပတ်စဉ် ဗုဒ္ဓဟူးနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးခန်းများကို ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။
ဆေးလိပ်သောက်မှု ထိန်းချုပ်ရေး နဲ့ ကျန်းမာရေး စက်တင်္ဘာ ၀၃၊ ၂၀၀၈ - ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ကို ၂၀၀၃ ခုနှစ် မှာ မြန်မာနိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး ဆေးလိပ်ထိန်းချုပ်ရေး ဥပဒေ ကို ၂၀၀၆ ခုနှစ် မှာ ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ရဲလား ဆိုတာကတော့ မေးစရာ ဖြစ်နေပါတယ်။ လူတွေ ဆေးလိပ်သောက်တာကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် နိုင်ငံရဲ့ ကျန်းမာရေး အသုံးစားရိတ် သက်သာသွားနိုင်သလို၊ ပြည်သူတစ်ဦးချင်း အတွက်လည်း ကျန်းမာရေး စားရိတ်စားခ သက်သာသွားနိုင်ပါတယ်။ ဗွီအိုအေ သတင်းထောက် ဖိတ် လပီဒတ်စ် (Faith Lapidus) ရဲ့ ကာလီဖိုးနီးယားပြည်နယ် အတွေ့အကြုံ သတင်းပေးပို့ ချက် နဲ့ အတူ မြန်မာနိုင်ငံ ရဲ့ ဆေးလိပ်ထိန်းချုပ်ရေး အကြောင်း ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
ခြင်ဆေးခွေသုံးခြင်း နဲ့ ကျန်းမာရေး သြဂုတ် ၂၇၊ ၂၀၀၈ - သွေးလွန်တုပ်ကွေးတွေ အဖြစ်များလို့ ကလေးတွေ ခြင်မကိုက်ရအောင် ခြင်ဆေးခွေထွန်း တားမြစ်မှုတွေ လုပ်ဆောင်နေပါတယ်။ ခြင်ဆေးထွန်းတာကြောင့် ခြင်ဆေးငွေ့က လူရဲ့ ကျန်းမာရေးကို ထိခိုက်နေပါတယ်။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ဓါတ်ပေါင်းများကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ အဆုတ်ရောဂါ၊ ကင်ဆာရောဂါ နဲ့ တခြား ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ရနိုင်ကြောင်း၊ ခြင်ဆေးခွေအစား တခြားနည်းလမ်းများနဲ့ ကာကွယ်လုပ်ကိုင် နေထိုင်သွားရန် အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှာ တာဝန်ထမ်းဆောင် နေသူ ဒေါက်တာ ဦးမင်းမင်းစိုး ရဲ့  အကြံပြုချက်များကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
ဆရာဝန်များအတွက် ပန်းချီအနုပညာ သြဂုတ် ၂၀၊ ၂၀၀၈ - အမေရိကန်နိုင်ငံ ပြည်ထောင်စု ဆေးတက္ကသို်လ် တချို့ မှာ ဆရာဝန်လောင်းတွေ အမြင် ပိုမိုစူးရှလာအောင် ပန်းချီဘာသာရပ်ကိုလည်း သင်ကြားပေးနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် ရိုစ် ဟိုဘန် (Rose Hoban) သတင်းတင်ပြချက် နဲ့ အတူ မြန်မာပန်းချီဆရာ ဒေါက်တာထွန်းတင် ကို ဦးတင်မောင်သန်း က မေးမြန်းတင်ပြထားပါတယ်။
အဆုတ်နာ တီဘီရောဂါ ကုထုံးသစ် သြဂုတ် ၁၃၊ ၂၀၀၈ - ဆေးမတိုးတော့တဲ့ တီဘီရောဂါဟာ ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်လာနေပါတယ်။ ဒါကို ကာကွယ်နိုင်အောင်၊ ဆေးမတိုးတဲ့ လူနာတွေ ကို ကုသရာမှာ ပိုမို ထိရောက်မှုရှိအောင် ဆေးမတိုးတာကို စောစောစီးစီး စမ်းသပ် ရှာဖွေသင့်တယ်လို့ လေ့လာချက်တွေ က ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် Rose Hoban သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က ဒီ အပတ် ကျန်းမာရေး ကဏ္ဍမှာ ရှင်းလင်းတင်ပြ ထားပါတယ်။
၁၉၈၈ နဲ့ ယနေ့ မြန်မာပြည် ကျန်းမာရေး အခြေအနေ သြဂုတ် ၀၆၊ ၂၀၀၈ - ၁၉၈၈ ကာလ (ယနေ့တိုင်း) မြန်မာနိုင်ငံ၏ ဆုတ်ယုတ်လာတဲ့ ကျန်းမာရေး အခြေအနေ၊ ပြဿနာဆိုင်ရာများ ကို ဒေါက်တာဦးဌေးသိန်း (၁၉၉၀ လွှတ်တော်အမတ် ကိုယ်စလှယ်၊ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ဆရာဝန်အဖြစ် လုပ်ကိုင်နေထိုင်နေသူ) နဲ့ အတူ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များ